ပုပ္ပါး သဘာဝတရားရိပ်သာ
ပုပ္ပားသဘာဝတရားရိပ်သာသည် ၂.၇၆ ဧကကျယ်ဝန်းသောရိပ်သာဖြစ်ပြီး
ရိပ်သာဖြစ်မြောက်ရေးအတွက်မြေနေရာအား
ဦးရဲ+ဒေါ်သီတာသန်း
တို့မှနေ၍ ၂၀၁၅ ခုနှစ်တွင် ဆရာတော်ဘုရားအားလှူဒါန်းခဲ့ပါသည်။
ပုပ္ပားသဘာဝတရားရိပ်သာသည်
မြင်းခြံ-ကျောက်ပန်းတောင်း ကားလမ်းနံဘေး
တပ်မ ၇၈ မျက်စောင်းထိုး
ညောင်ပင်ဆိပ်လမ်းခွဲ နေထက်လင်း
ဘုရားမှ ပုပ္ပားတောင်ကလပ်သို့ အသွားလမ်းဘေး
ပုပ္ပားတောင်ကလပ်မှနေ၍
၃မိုင်အကွာအဝေး တွင်တည်ရှိပါသည်။ ရိပ်သာသည် ၂၀၁၆ ဒီဇင်ဘာလထိ
၃ထပ်ခွဲဓမ္မာရုံ တစ်လုံး၊ တစ်ပါးဆောင်၁၂လုံး ၊ ၄ခန်းတွဲအိမ်သာ ၊
၃ခန်းတွဲသံဃာရေချိုးဆောင်၊ စားဖိုတဲတစ်လုံး တည်ရှိပါသည်။ သံဃာ
၎ပါး သီတင်းသုံးလျှက် ရှိပြီး ဥပုဒ်နေ့တိုင်း ဒေသခံဥပုဒ်သီလယူယောဂီ ၇၀
ခန့်လာရောက်၍ စုပေါင်းတရားထိုင် တရားစခန်းပွဲများကျင်းပသော ရိပ်သာတစ်ခုဖြစ်ပါသည်။
ကိုချစ်ကို 09256261124 / 09796391652 သို့ ဆက်သွယ်နိုင်ပါသည်။
No comments:
Post a Comment