မှိုင်းတောင်ဗွေ ကုသိုလ်ဘဏ်
မှိုင်းတောင်ဗွေ သဘာဝရိပ်သာ ကုသိုလ်ဘဏ်ကို ၂၀၁၇ ခုနှစ်၊ ၃ လပိုင်းက စတင်တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် သံဃာ၊ သီလရှင်၊ ဘိုးဘွားများ၊ မိသားစုများ၊ လုပ်အားပေးများ၊ ဆောက်လုပ်ရေးအလုပ်သမားများနေထိုင်နေပြီး ကုသိုလ်ဘဏ်ကို တိုးတက်အောင် ဆောင်ရွက်လျှက်ရှိပါသည်။ နေ့စဉ် သံဃာတော်မျာျးမှ ဆွမ်းခံကြွလျက်ရှိပြီး ရွာသူရွာသားများမှ လာရောက် ကုသိုလ်ယူ ကူညီပေးပါသည်။
ထို့အပြင် မှိုင်းတောင်ဗွေ ကုသိုလ်ဘဏ်မှ ကျန်းမာရေးချို့တဲ့၍ အဆင်မပြေသော မိသားစုများ၊ မြွေကိုက်ခံရသော လူနာများကို ဆေးရုံသို့ သွားနိုင်ရန် ကားအကူအညီပေးပါသည်။
အနီးနားရှိ ရွာဘုန်းကြီးကျောင်း၏ အဆောက်အဦးအတွက်လည်း တတ်နိုင်သလောက် လှူဒါန်းလျက်ရှိပြီး ကျောက်သဲများ သယ်ယူရန်အတွက်လည်း ကားအကူအညီပေးပါသည်။
ကုသိုလ်ဘဏ်အတွင်းရှိ ဒဆောက်လက်စ အဆောက်အဦးများ ပြီးသောအခါတွင် ပညာရေး အခက်အခဲရှိသော ကျောင်းသူကျောင်းသားများကို လက်ခံထားဖို့ရှိပါသည်။
သံဃာတော်များမှ ချင်းဘုန်းကြီးများနှင့် တိုင်ပင်၍ အနီးနားရှိရွာများတွင် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်၍ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ဗုဒ္ဓဘာသာဆိုင်ရာများကို ကလေးများအား သင်ကြားပေးခဲ့ပြီး ဧပြီလတွင် ယဉ်ကျေးလိမ္မာ ပြိုင်ပွဲလေးလည်း ပြုလုပ်ဖို့ရှိပါသည်။

ရေတွင်းရေကန်များရှာပါးမှုကြောင့် ရေအတွက်ခက်ခဲမှုများရှိပြီး ကုသိုလ်ဘဏ်သို့ လာရောက်အကူညီတောင်းထားသောကြောင့် ရေတွင်းများကို တူးဖော်၍ ကုသိုလ်ပြု ပေးရပါအုံးမည်။
တည်နေရာ
ရွှေပန်းတောတိုက်နယ် ရွှေပန်းတော ပေါက်ခေါင်း ခရိုင်ချင်းစပ် လမ်းဘေး၊ ဗြန်ဒီလမ်း၊ ပေါက် ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်ခြားမှတ်တိုင် အောင်လံမြိုနယ်၊ မကွေးတိုင်း။
ဆက်သွယ်ရန်
ဦးဥတ္တရ - 09776405660
ဆက်သွယ်ရန်
ဦးဥတ္တရ - 09776405660
Google Map - https://goo.gl/maps/nijFP7KG4br
No comments:
Post a Comment