မကွေးမြို့ကင်းရတနာ သဘာဝတရားရိပ်သာ
ကင်းရတနာသဘာဝတရားရိပ်သာသည်
မကွေးမြို့ဆားရွှေကင်းရပ်ကွက်တွင် တည်ရှိပြီး အောင်ဘုံကျောင်း ဆရာတော်
ဦးဣန္ဒကနှင့် ဦးသုမနတို့မှ ၅.၈၆ ဧကကျယ်သောမြေအား ဇွန်လ ၂၀၁၅ခုနှစ်တွင် ဆရာတော်ဘုရားထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ကင်းရတနာသဘာဝစံကျောင်းဖြစ်မြောက်ရေးအတွက် ဦးမြသိန်းဒေါ်ခင်ကြိုင်မှ ဝထ္ထုငွေ
သိန်တစ်ရာ့ခုနှစ်ဆယ် ဒေါက်တာခင်စောမွန်မှ သိန်းသုံးရာ
ဒေါက်တာမြတ်စန္ဒာသန့်မှ ပါကေးအလှူ ၂၁သိန်း တို့အားအများကောင်းမှုအတွက်ရည်မှန်း၍ ၆.၁၂.၂၀၁၆
ရက်နေ့တွင် အောင်ဘုံကျောင်းဆရာတော်ဦးဣန္ဒကမှအနုမောဒနာတရား
ဟော ကြားတော်မူ၍ရေစက်ချခဲ့ကြသည်။
ဆရာတော်ဘုရား၊အောင်ဘုံကျောင်းဆရာတော်ဘုရားနှင့် ရဟန်းသံဃာများမှနေ၍ ဓါတ်တော်တိုက်ရှိ ဘုရားရုပ်
ပွားတော်များအား အနေကဇာတင် ပရိတ်တရားတော်များ ရွတ်ဖတ်သဇ္ဈယ်တော်မူခဲ့ပါသည်။
ကင်းရတနာသဘာဝတရားရိပ်သာတရားစခန်းအား ကင်းအနောက်ကျောင်းတွင်ဖွင့်လှစ်ရာ ရဟန်း၊သီလရှင်၊

ယောဂီနှင့် သန်လျင်ရိပ်သာမှ ဦးရေ ၁၀၀
မကွေးရိပ်သာမှ ယောဂီ ၅၀ စုစုပေါင်း ၁၅၀ ခန့် စခန်းဝင်ပြီး ဘာဝနာ တရားကျင့်ကြံ၍
ကောင်းမှုကုသိုလ်ပေါင်းစုပြုခဲ့ကြပါသည်။
No comments:
Post a Comment