Friday, March 9, 2018

ဦးတည်ချက်နှင့် သဘောထား

အများအကျိုးဆောင် သဘာဝတရားရိပ်သာ

ဦးတည်ချက် နှင့် သဘောထား

သန်လျင်သဘာဝရိပ်သာဆရာတော်သည် …….. ဝေနေယျအပေါင်း ဆင်းရဲလွတ်ရာ ကင်းရာ နိရောဓသစ္စာကို မျက်မှောက်ပြု နိုင်မည့် မဇ္ဈိမ အလယ်လမ်းကို (သို့) ဘ၀နေနည်း (သို့) သစ္စာတရားတော်များ ကို  နေရာဒေသမရွေး-လူမျိုးဘာသာမရွေး-အချိန်မရွေး ဟောကြားနေပါသည်။ …… သစ္စာတရားများသည် နိုင်ငံတစ်ခု၊ လူမျိုးတမျိုး၊ ဘာသာတစ်ခု နှင့်သာ သက်ဆိုင်သည် မဟုတ်ပဲ အကန့်အသတ်အားလုံးမှ လွန်မြောက်နေသည့် သစ္စာတရား ဖြစ်သဖြင့် မှန်ကန်စွာ နားလည်စေရန် စိတ်ရှည်ရပါမည်။ မပြတ် လေ့ကျင့် ပွားများရပါမည်။
———————————————————————————-
သဘာဝတရားရိပ်သာ၏ လုပ်ဆောင်ချက်များ
သဘာဝတရားရိပ်သာသည် ဆင်းရဲလွတ်ရာ ကင်းရာ နိရောဓသစ္စာကို မျက်မှောက်ပြု နိုင်မည့် မဇ္ဈိမ အလယ်လမ်းကို (သို့) ဘ၀နေနည်း (သို့) သစ္စာတရားတော်များ ကို လူ မျိုး ဘာ သာ မရွေး၊ လူကောင်း လူမမာ မရွေး၊ ဆင်းရဲ ချမ်းသာမရွေး အေးချမ်းလွတ်လပ်စွာလေ့လာကျင့်သုံးနိုင်ရန် အလို့ ငှာ သက်ကြီးရွယ်အိုများ၊ လူမမာများ၊ အတိဒုက္ခရောက်သူများ၊ နေစရာအခက်အခဲဖြစ်နေသူများ၊ အထီးကျန် အဖော်မဲ့သူများ ကို စား-၀တ်-နေရေး လိုအပ်ချက်များ၊ ကျန်းမာရေးစာင့်ရှောက်မှု စသည့် ပရဟိတ အများကောင်းကျိုးပြု လုပ်ငန်းများကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကာကူညီ ပေးလျက်ရှိပါသည်။





Skynet မှ ရိုက်ကူးထားသော သဘာဝတရားရိပ်သာအကြောင်း
Contact to the blogger

thukhaweddy@gmail.com